Rating
Rank
Chapters
လွန်ခဲ့တဲ့ ၃ နှစ်က သားရဲဘီလူးတွေနဲ့ ပြည့်နှက်နေတဲ့ ဂိမ်းလိုကမ္ဘာကြီးဆီ ကူးပြောင်းရောက်ရှိလာခဲ့တဲ့ လူငယ်လေး ချင်ယန် ဒီကမ္ဘာမှာ အင်အားကြီးသူဖြစ်ဖိုဆိုတာ စွမ်းရည်အမှတ် တွေ အများကြီးလိုအပ်ပေမယ့် ရှာဖွေဖိုက အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ချင်ယန်ကတော့ သာမန်မဟုတ်ပါဘူး. သူဟာ မှော်ဆရာ အဖြစ် နိုးထလာချိန်မှာပဲ ‘နတ်ဘုရားများရဲ့ကောင်းချီး’ ဆိုတဲ့ အထွတ်အထိပ် မွေးရာပါအရည်အချင်းကို ရရှိခဲ့ပြီး စက္ကန့်တိုင်းမှာ စွမ်းရည်အမှတ် ၁ မှတ်ကို အလိုအလျောက် ရရှိနေတော့တာပါ
တခြားသူတွေက စွမ်းရည်တစ်ခုကို အဆင့်တင်ဖို အသေအလဲ ကြိုးစားနေရချိန်မှာ၊ ချင်ယန်ကတော့ ရရှိလာတဲ့ အဆုံးမရှိ စွမ်းရည်အမှတ်တွေနဲ့ သူရဲ့ မှော်ပညာတွေကို အမြင့်ဆုံးအဆင့် တွေအထိ အေးဆေး တန်းမြှင့်ပစ်လိုက်ပါတယ်။ စွမ်းရည်အမှတ် လိုသလောက်ရှိနေတဲ့အတွက် သူဟာ ဒြပ်စင်တစ်ခုတည်းကိုသာ ကျွမ်းကျင်တာမဟုတ်ဘဲ မီး၊ လေ၊ ရေခဲ စတဲ့ ဒြပ်စင်မျိုးစုံကိုပါ အလွယ်တကူ သုံးနိုင် လာခဲ့ပါတယ်
💬 မှတ်ချက်များ (0)
Loading Comments...