Rating
Rank
Chapters
ဟန်ဝူဟာ လူတိုင်းနတ်ဘုရားဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုဆီ ဝိညာဉ်ကူးပြောင်းလာခဲ့ပါတယ်။ မူလကိုယ်ပိုင်ရှင်ကတော့ အသုံးမကျတဲ့ ကျိုင်းကောင်တပ်ဖွဲကိုပဲ ပိုင်ဆိုင်ထားလို အမြဲအနိုင်ကျင့်ခံရပြီး စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားခဲ့ရသူပါ။ ဒါပေမဲ့ ဟန်ဝူရောက်လာချိန်မှာတော့ ‘အသက်စတေးခြင်း’ (Life Sacrifice) ဆိုတဲ့ ထူးခြားစွမ်းရည်ကို အံ့ဩဖွယ် ရရှိသွားပါတယ်။
ကျောင်းက ဗိုလ်ကျသူတွေကို ပြန်ချေပဖိုနဲ့ (Chaotic Star Sea) ကြယ်ပင်လယ်ထဲ ပိတ်မိနေတဲ့ မိဘတွေကို ကယ်တင်နိုင်ဖိုအတွက် ဒီစွမ်းရည်ကိုသုံးပြီး သူဟာ ကံကြမ္မာကို စတင်အံတုပါတော့တယ်။ ယဉ်ကျေးမှုကမ္ဘာပေါင်းများစွာကို ဖြတ်သန်းရင်း သူ့ရဲ့စွမ်းအားတွေကို အဆမတန် မြှင့်တင်သွားမယ့် ဟန်ဝူတစ်ယောက်… အထွတ်အထိပ်စွမ်းအားပိုင် နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာနိုင်ပါ့မလား။ သူ့မိဘတွေကိုရော အောင်မြင်စွာ ရှာဖွေနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
💬 မှတ်ချက်များ (0)
Loading Comments...